သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့သည့် နေအိမ် (၁)လုံးအား  ထောက်ပံ့ငွေများ ပေးအပ်

ပေါင် ဇူလိုင် ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သည့် နေအိမ် (၁)လုံးအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို  ယမန်နေ့ညနေပိုင်းက  ပြုလုပ်ခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှုး ကျော်နိုင်ဦး၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လက်ပံကျွန်း‌ကျေးရွာ ကုလားစုရွာ၌ နေအိမ် (၁)လုံးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၅-၆-၂၀၂၂) ရက်နေ့ (၁၇း၀၀) နာရီ အချိန်ခန့်၌ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊သဲကုန်ကျေးရွာ၌ လေပြင်းတိုက်ခတ် မှု​ကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) နှင့်လူဦးရေ(၅)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀၀/-) အားလည်းကောင်း၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး တန်ဖိုးငွေစုစုပေါင်း (၄၉၀၃၆/-) အားလည်းကောင်း၊ ယ‌နေ့နေ့လည်ကပေါင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

လက်ပံကျွန်းကျေးရွာသည် မုတ္တမပင်လယ်ဂွေ့ အတွင်းကျွန်းတစ်ကျွန်းဖြစ်ပြီး  ရာသီပေါ်သီးနှံများကို စိုက်ပျိုးသည်နှင့်အညီ နှုန်းမြေများဖြင့် ဖွဲ့စည်းထားသည့်  ကျွန်းတစ်ကျွန်း ဖြစ်သည်နှင့်အညီ မြေပြိုကျမှုများလည်း ရံဖန်ရံခါ  ဖြစ်ပေါ်မှုများရှိနေခဲ့ကြောင်း သိရသည်။

မွန်မလေး