နမ့်ဆန်မြို့နယ်၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မွေးမြူရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

နမ့်ဆန် ဇူလိုင်  ၂၆

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မွေးမြူရေးအကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင်  နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းမှ ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြခဲက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ရှေးပဝေသဏီထဲက လုပ်ကိုင်ခဲ့ကြပြီး ခေတ်ကာလပြောင်းလဲတိုးတက်လာသည်နှင့်အညီ ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ ဆိတ် မွေးမြူလာခြင်း အဓိကလုပ်ငန်းမှာ ကာကွယ်ခြင်းနှင့် ကုသခြင်းဖြစ်ပြီး ဒေသခံမွေးမြူရေးနှင့် တောင်သူများသိရှိစေရန်အတွက် မွေးမြူရမည့်နည်းစနစ်များ၊ မွေးမြူရမည့် မြေနေရာရွေးချယ်ခြင်း၊ အထွက်နှုန်းကောင်းသော မျိုးတိရစ္ဆာန်များကိုလည်း ပြောင်းလဲမွေးမြူလာရေးတွန်းအားပေး ဆောင်ရွက်လျက်ရှိပါသည်။

ခေတ်ကာလ တိုးတက်ပြောင်းလဲလာသည့်အခြေအနေတွင် ရောဂါအသစ်အဆန်းများ ပေါ်ပေါက် လာပါသည်။ လူမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်လာသလို ကျွဲ၊ နွား များမှာလဲ အရေပြားအကျိတ်နာရောဂါ၊ ဝက်မှာ အာဖရိကဝက်အပြင်းဖျားရောဂါ၊ ကြက်မှာလည်း ကြက်ဌက်တုပ်ကွေး ရောဂါဖြစ်ပေါ်လျက်ရှိပါသည်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးတောင်သူများ စီးပွားရေးတွက်ခြေကိုက်ပြီး ဝင်ငွေတိုးတက်လာစေရေးကို ဆောင်ရွက်သွားမည့်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)