ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်အတွင်း ဆီထွက်သီးနှံမိုးနေကြာ မျိုးစေ့ထုတ် စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲသည် ယမန်နေ့ ညနေပိုင်းက အင်္ဂပူမြို့နယ် ဘုရားငုတ္တိုကျေးရွာအုပ်စု ကျီးပင်အင်းကျေးရွာသို့ ရောက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများက ကြိုဆိုကြသည်။