တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းသာသနိကအဆောက်အအုံ မီးဘေးအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးများ လှူဒါန်းပေးအပ်

တကောင်း ဇူလိုင်  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေဇာလီဘုန်းကြီးကျောင်း၌ ၁၉၁၃ခုနှစ်တွင် ဆောက်လုပ်ခဲ့သော ရှေးဟောင်းသာသနိက အဆောက်အအုံအား မီးဘေးအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေး ဘူးများ လှူဒါန်းပေးအပ် ခြင်းကို ယနေ့နံနက် ( ၉ )နာရီကဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေမီးသတ်ဦးစီးမှူး ဦးမျိုးသူက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်လိုက်နာချက်များအားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မီးသတ်ဆေးဘူး အသုံးပြုနည်းအား လက်တွေ့ပြသဆောင်ရွက်ခဲ့ပြီး ကျောင်းထိုင် ဆရာတော်အား မီးသတ် ဆေးဘူးများ လှူဒါန်ခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းမှုဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဝေဇံ၊ နယ်မြေရဲစခန်းမှူး၊ နယ်မြေမီးသတ်ဦးစီးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဂေါပက အဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရသည်။

         

သီရိအောင်(တကောင်း)