ကျောက်တံခါးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း(ကျွန်းချောင်း)တွင် ယနေ့နံနက်(၁၁)နာရီက “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် e- ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၆၃၃၂) ခုအား ကွန်ပျုတာထဲသို့ ရိုက်သွင်းခြင်းနှင့် Software ထဲသို့ ထည့်သွင်းခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း၏ (ပုံစံ-၆၆/၆) အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာ ထဲသို့ ရိုက်သွင်းခြင်းနှင့် Software ထဲသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး၌ ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မုံရွာပညာရေး ဒီဂရီကောလိပ် အမျိုးသား/အမျိုးသမီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစား ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မုံရွာပညာရေးဒီဂရီကောလိပ် အမျိုးသား/အမျိုးသမီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းဝန်းအတွင်းရှိ ဘောလုံးကွင်းတွင် ကျင်းပရာ ဆုချီးမြင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း Talk Show ပြုလုပ်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုပြုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ- ၆၆/၆) များအား Software Programဖြင့် ထည့်သွင်းဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဦးခင်မောင်ဦးနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​​ဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ- ၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းနေမှုကို မြို့နယ်လဝကဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းတွင်​ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကော့ကရိတ်မြို့၌ စားသုံးသူရေးရာအသိပညာပေး Talk Show ပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူရေးရာအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဘုတ်ပြင်းမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to