ဘီးလင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟာစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲကျင်းပ

ဘီးလင်း ဇူလိုင် ၂၇

 ၂၀၂၂  ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟာစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဘီးလင်းမြို့နယ် ဇုက္ကလိကျေးရွာ၊ ဘီးလင်းမြစ်ကမ်းဘေး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ်၊  သစ်တောဦးစီးဌာနမှ  ဦးစီးအရာရှိ  ဦးထင်လင်းအောင် -၁ က သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများထံသို့ ပျိုးပင်များကို လွှဲပြောင်း ပေးအပ်ခဲ့သည်။ ယင်းနောက် သစ်ပင် စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ရာ ဗြူးခြေထောက် ၁၅၀ ပင် ၊ဗြူးရွှေဝါ  ၁၀၀ ပင်၊ သမဲ့   ၁၅၀  ပင်

စုစုပေါင်း ပျိုးပင် ၄၀၀ အား ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဇုက္ကလိ အ.လ.က (ခွဲ) မှ ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူများက ဘီးလင်းမြစ်ကမ်းဘေးတစ်လျောက် ပျိုပင်များကို ပျော်ပျော်ပါးပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဘီးလင်း (ပြန်/ဆက်)