စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။