မအူပင် ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀) နာရီက (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး မအူပင်ခရိုင်အဆင့် အရေးပြိုင်ပွဲအား ကျင်းပပြုလုပ်သည်။
အဆိုပါအရေးပြိုင်ပွဲအား ဝါသနာရှင် ဒုတိယတန်းအဆင့် မအူပင်မြို့နယ်မှ ဦးပေါက်ပေါက်နှင့် ညောင်တုန်းမြို့နယ်မှ ဒေါ်မျိုးမျိုးခိုင်တို့မှ ဧရာတိုင်းရဲ့အလှပန်းချီခေါင်းစဉ်ဖြင့် ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ အကဲဖြတ်ဒိုင်များအဖြစ် မအူပင်မြို့နယ်မှ ဦးဇင်ကိုဌေး၊ ပန်းတနော် မြို့နယ်မှဦးစောထွန်းအောင်၊ ညောင်တုန်းမြို့နယ်မှ ဒေါ်မူမူဆန်း၊ ဓနုဖြူမြို့နယ်မှ ဦးစန်းမောင်နှင့် ဒိုင်ချုပ်အဖြစ် ဦးခင်ဇော်ဝင်းတို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး ဇူလိုင်လ ၃၁ ရက်နေ့တွင် မအူပင်မြို့တိုးရွှေဝါခန်းမ၌ အမှတ်ပေးရွေးချယ်၍ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မအူပင်ခရိုင်(ပြန်/ဆက်)