ကန့်ဘလူမြို့တွင် ကွန်ကရစ်လမ်းခင်းခြင်း Box Culvert တည်ဆောက်ခြင်းနှင့် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူ သွားလာလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုများ မြန်ဆန်စေရေး၊ မြို့သန့်ရှင်း သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

(၃၈)ကြိမ်မြောက် မုဒုံမြို့နယ်လုံးဆိုင်ရာ ဂိုဏ်ပေါင်းစုံ ဝါတော်(၄၀)နှင့်အထက် ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ဝါတော်(၄၀)နှင့်အထက် ဆရာတော်ကြီးများနှင့် မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း(YMBA)သြဝါဒစရိယ ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းကပ် လှူပူဇော်ပွဲကို ယနေ့ နံနက် ၈ နာရီက မြို့မ (၂)ရပ်ကွက်ရှိ လေးထပ်သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ကဝမြို့နယ်တွင် ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ကောင်းမွန် သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းကို အုန်းနှဲကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်၏ နေအိမ်၌ ယနေ့နံနက် (၉) နာရီမှ (၁၁) နာရီအထိ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

မူဆယ်မြို့တွင် အိမ်တွင်းမှုသင်တန်းကျောင်း သင်တန်းသူများ Fitness Dance ပြိုင်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်း၌ အိမ်တွင်းမှု စက်ချုပ်သင်တန်းသူများ အသင်းအလိုက် Fitness Dance ပြိင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်သည်။

ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးတွင် ယမန်နေ့နံနက် ၇ နာရီက ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ် လျက်ရှိသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ အခမ်းအနားသို့ ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စုတွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာရှိ တောင်သူ ဦးကျောက်၏ လယ်မြေ (၂၀)ဧက တွင် ကောက်စိုက်စက်ဖြင့် တောင်သူပညာပေး သရုပ်ပြဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစမ်းသပ်ရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းမော်တော်ယာဉ်အား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့၊ ကုတင် ၅၀၀ ဆံ့အထွေထွေရောဂါကု ဆေးရုံးကြီး၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ စမ်းသပ်ရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းမော်တော်ယာဉ်အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရန်ကုန်မြိုတော်ဝန် ဦးဗိုလ်ဋ္ဌေး ကမာရွတ်မြိုနယ်အတွင်း ရွေ့လျားစျေးကားဖြင့် စျေးရောင်းချပေးနေမှု ကြည့်ရှုစစ်​ဆေး

ရန်ကုန်တိုငိး​ဒေသကြီး၊ စည်ပင်သာယာ​ရေးဝန်ကြီး  ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်​ဌေးသည် ဒုတိယမြို့​တော်ဝန်၊ အတွင်း​ရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယ​နေ့နံနက်ပိုင်းက ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ ဟံသာဝတိအခွန်လွတ်​စျေး၊ စည်ပင်အိမ်ရာဝင်းနှင့် ပြည်ရိပ်မွန် အိမ်ရာဝင်းအတွင်း ​ရွေ့လျား​စျေးကား  ( Mobil  Market ) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်​ခြောက်မျိုးစုံ ၊ အသားမျိုးစုံနှင့် ငါး/ ပုဇွန် အမျိုးမျိုးတို့ကို ​စျေးနှုန်းသက်သာစွာဖြင့် ​ရောင်းချ​ပေး​နေမှု့ကို သွား​ရောက်ကြည့်ရှုစစ်​ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့​ကြောင်း သိရှိရပါသည်။

ကျောင်းကုန်းမြို့ အ.ထ.က (၁) ၌ ဂါဒီယန်ဦးစိန်ဝင်း ပညာရည်ချွန်ဆုပေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ဂါဒီယန်ဦးစိန်ဝင်း ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် လူနေအိမ်တစ်ချို့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျတ်တန်းကုန်းကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းနံဘေးရှိလူနေအိမ်တစ်ချို့ ဇူလိုင်လ ၂၀ ရက်နေ့ကစတင်ပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြကြောင်း သိရသည်။
Subscribe to