ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်း များ၊ ခရိုင်/ မြို့နယ်တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း အခြေခံပညာသင်ကြားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပညာရေးအခြေခံကောင်းမွန်သည့် လူငယ်၊ လူရွယ်များ အစဉ်အလာမပျက် မွေးထုတ်ပေးနိုင်ရေး အတွက် ပိုမိုကောင်းမွန်သည့် သင်ကြားသင်ယူမှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေ ၄ နာရီခွဲက ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့် တွေ့ဆုံပွဲကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်၌ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ယနေ့နံနက်(၇:၃၀)နာရီအချိန်က ဘူးသီးတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း လက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များပူးပေါင်း၍ စနစ်တကျ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြသည်။

ဓနုဖြူမြို့နယ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုလျော့ကျစေရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အ.မ.က(ရေတွင်းကုန်း)နှင့် အ.မ.က(မြို့သစ်) ကျောင်းတို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုလျော့ကျစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။

စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်းပေးနေလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ငှားရမ်း ပေးကြသည်။

အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) တွင် ဌာနဆိုင်ရာများ ပြည်သူများနှင့် တပ်ရင်း တပ်ဖွဲ့များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ပြည်သူများ၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့ဝင်မိသားစုများ ပူးပေါင်း ပါဝင်သော စုပေါင်းသန့်ရှင်ရေးကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (ကျောက်ပန်းတောင်း) တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အင်းစိန်မြို့နယ်၌ သဘာဝရေပြင်လှိုင်မြစ်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၂) သိန်းခွဲ စိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက သဘာဝရေပြင်အတွင်း ငါးသံယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများ ငါးရိက္ခာဖူလုံပြည့်ဝစေရန် ရည်ရွယ်၍ သဘာဝရေပြင်လှိုင်မြစ်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၂) သိန်းခွဲ စိုက်ထည့်ခြင်းကို ယနေ့နံနက် (၈) နာရီ အချိန်က အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းကမ်းနားရှိ လှိုင်မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့သည်။

ကျောက်ဆည်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်လွဲ (၁)နာရီက မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပသည်။ 

ကန်ကြီးထောင့်မြို့နယ်တွင် မိုးစပါး ၁၃၃၄၁၀ ဧက စိုက်ပျိုးပြီးစီးနေ

ဧရာ၀တီတိုင်းဒသကြီး ကန်ကြီးထောင့်မြို့နယ်အတွင်း ဇူလိုင် ၂၉ ရက်နေ့အထိ ၂ဝ၂၂- ၂၀၂၃ ရာသီ မိုးစပါးစိုက် ဧက  ၁၃၃၄၁၀ ဧက စိုက်ပျိုးပြီးစီးနေပြီး၊စိုက်ပျိုးနည်းများမှာ စိုက်ခင်း ၇၈၅၅၃ ဧက၊ ကြဲခင်း၅၄၈၀၅ ဧက၊ အစေ့ချ ၇၂ ဧက ဖြစ်ကာ ကျန်ရှိနေသော လယ်မြေများကိုလည်း အချိန်မီစိုက်ပျိုးပြီးစီရန် ဆက်လက် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနမှသိရသည်။

မအူပင်မြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့် တစ်ဧကအထွက်နှုန်း (၁၀၀) တင်းထွက်ရှိရန် ဧက (၁၀၀) စံပြကွက်ကွင်း ပိတ်ပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းနှင့် တစ်ဧက တင်း (၁၀၀) အထွက်နှုန်း ထွက်ရှိရန် ဧက (၁၀၀) စံပြကွက်တွင် ကွင်းပိတ်ခြင်းအခမ်းအနားကို မအူပင်မြို့နယ် ငါးကြီးဂရက် ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်ပသည်။
Subscribe to