ဒဂုံဆိပ်ကမ်း ဇူလိုင်၃၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်အားကစားခန်းမ၌ ယနေ့နံနက် (၁၀:၃၀)အချိန်က ၂၀၂၂-၂၀၂၃ခုနှစ် မိုးရာသီအခြေခံ၊ အဆင့်မြင့်အားကစားသင်တန်းဆင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်၊ ခရိုင်၊ တိုင်း၊ နိုင်ငံတာ်အဆင့် အားကစားသမားများ ပေါ်ထွက်လာရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် မြို့နယ်အားကစားနှင့် လူငယ်ရေးရာ၀န်ကြီးဌာနမှ နည်းစနစ်မှူး ဒေါ်ဂျူးဂျူးမှ မိုးရာသီအခြေခံ သင်တန်းများဖွင့်လှစ်ရခြင်းမှာ လူငယ် မောင်မယ်များအချိန်ကို အကျိုးရှိစွာသုံးတတ်စေရန်၊ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ၊ အားကစားကို ချစ်မြတ်နိုးတတ်ပြီး၊ နိုင်ငံဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာရေး ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မိုးရာသီအခြေခံသင်တန်းမှ စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်း၊ အေရိုးဗစ်၊ တိုက်ကွမ်ဒို၊ ဝူးရှူးအားကစားနည်းများကို အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်မှ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းကာလမှာ ၄-၇-၂၀၂၂မှ ၃၀-၇-၂၀၂၂ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် တိုင်းအားကစားနှင့် လူငယ်ရေးရာ၀န်ကြီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးအောင်သန်းမှ သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ခြင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးစိုးလွင်မှ နည်းပြစရိတ်များ ချီးမြှင့်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် ဝူးရှူးသင်တန်း၊ မြန်မာ့သိုင်းသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်း၊ အေရိုးဗစ်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများက သရုပ်ပြဖျော်ဖြေခဲ့ကြသည်။ သင်တန်းသို့ ခရိုင်အားကာမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးရဲကျော်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူအင်အား ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြို့နယ်(ပြန်/ဆက်)