တာမွေမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များကို Software Program အသုံးပြု၍ Data Base ရေးသွင်းနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အိမ်ထောင် စုလူဦးရေစာရင်း ပုံစံ (၆၆/၆)များကို e-ID စနစ်ဖြင့် Software Program အသုံးပြု၍ Data Base အတွင်း ရေးသွင်းနေမှု အခြေအနေအား ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး၊ ဒုံရင်းတိုက်နယ် ရေတံခွန်ချောင်းအတွင်း ငါးမျိုးစိုက်ထည့်၊ မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအားဖွင့်လှစ်

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ်တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးပြီး ဒုံရင်းတိုက်နယ် ရေတံခွန်ချောင်းအတွင်းငါးမျိုးစိုက် ထည့်ပေးကာ မြို့နယ်အဆင့် အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဘားအံမြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဆင်း

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့်  အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင် (ကွက်သစ်)ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပသည်။

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပူတာအိုမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်း သူများအား ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရ၀မ်စာပေနှင့် ယဉ်ကျေးမှုအသင်းကကြီးမှူး၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပူတာအိုမြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခုမှ တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရ၀မ်အမျိုးသားဥယျာဉ် ခါကာဘိုရာဇီခန်းမ၌ ကျင်းပသည်။

၂၀၂၂ ခုနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက်(၂၅)နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ်၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက် (၂၅)နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဖူဆယ် အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လွိုင်ကော်မြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးပရဝုဏ်အတွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မြို့တော်သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်ကြောင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရန် ရည်ရွယ်၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ပရဝုဏ်အတွင်း၌ စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ကြသည်။

ပဲခူးမြို့တွင် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်မှု မရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား

ပဲခူးမြို့တွင် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to