ကရင်ပြည်နယ် ၂၀၂၂ ခုနှစ် မိုးရာသီ ပြည်နယ်အဆင့် သစ်ပင်စိုက်ပွဲတော် (စတုတ္ထအကြိမ်) ကျင်းပ

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်၍ ရာသီဥတုကို အထောက်အကူပြုစေပြီး ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ပွားပေါကြွယ်ဝစေရန် ကရင်ပြည်နယ်၊ ၂၀၂၂ ခုနှစ်၊ မိုးရာသီပြည်နယ်အဆင့် သစ်ပင်စိုက်ပွဲ(စတုတ္ထအကြိမ်) အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင် ကွက်သစ်အနီးရှိ ဘားအံဂေါက်ကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်၍ မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။

မိုးကုတ်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးရံ ပြိုကျခြင်းနှင့် သစ်ပင်ပြိုလဲခြင်းများ ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကချင်ရပ်တွင် တောင်ကမ်းပါးပြိုကျခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့များမှ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရမှု မရှိခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ် စာရေးဆရာအသင်း စာပေညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲနှင့် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စာရေးဆရာအသင်း တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံရှင်းလင်းခြင်းနှင့် အရေးပေါ် မျက်နှာစုံညီ အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်စေရန် ဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များနှင့် ပြည်သူများအားထပ်ဆောင်းကာကွယ်ဆေးထိုးနှံ

အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိအခြေခံပညာ ကျောင်းသူ/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့် အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဦးတည်အုပ်စု များအလိုက် ရဟန်းရှင်လူများအားအခမဲ့ထိုးနှံပေးလျက်ရှိရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၃)ရပ်ကွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အမှတ်(၃၈) ရပ်ကွက်၊ မင်္ဂလာအေးကျောင်းတိုက်နှင့် အမှတ်(၄၈)ရပ်ကွက်ဓမ္မာရုံတို့တွင် စုရပ်သတ်မှတ်၍ ကာကွယ်ဆေးထိုးနှံမှုရာနှုန်း ပြည့်မီလွှမ်းခြုံနိုင်ရန်  ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသည့် သံဃာများနှင့် ပြည်သူ များအားယနေ့ နံနက်ပိုင်းတွင် ကျန်းမာ‌ရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့‌ကြောင်းသိရ သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ စက်မှူဇုန်များအလိုက် စက်ရုံဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် လွှမ်းခြုံမှုရှိစေရန် Booster Dose (Covid Shield) ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ စက်မှုဇုန်များအလိုက် စက်ရုံဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ် ထိန်းချုပ် နိုင်ရန်နှင့် ကာကွယ်ဆေးရာနှုန်းပြည့် လွှမ်းခြုံမှုရှိစေရန် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose (Covid Shield) အား West Wood စက်ရုံဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းအချိန်က ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်၌  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Wilmar Myanmar Edible oils Ltd မှ ကြာပန်းတံဆိပ် ဟင်းရွက်ဆီ  လာရောက်ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၌ ရပ်ကွက်‌နေပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင် ရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Wilmar Myanmar Edible oils Ltd. မှ ကြာပန်းတံဆိပ် ဟင်းရွက်ဆီအား တစ်ပိဿာလျှင်  ၃၈၀၀/-နှုန်းဖြင့်  အမှတ်(၇)ရပ်ကွက်၊ လိပ်ကန်လမ်းနှင့်ဦးရွှေဂွန်းလမ်းထောင့်တွင် ယနေ့နံနက်ပိုင်းက လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရာသီစာမှိုများရှာဖွေရောင်းချခြင်းဖြင့်ပုပ္ပားတောင်မကြီးပတ်ဝန်းကျင်ကျေးရွာများမှရာသီ စာမှိုရှာဖွေရောင်းချသူများ မိသားစုဝင်ငွေတွက်ခြေကိုက်နေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် ၁၁မိုင်ခန့်အကွာတွင်တည်ရှိသည့် ပုပ္ပားတောင်မ ကြီးမှထွက်ရှိသည့်ရာသီ ပေါ်မှိုများရှာဖွေကောက် ယူရောင်းချခြင်းဖြင့် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများမှ ရာသီစာမှိုအမျိုးမျိုးမိသားစုဝင်ငွေ အဆင်ပြေနေကြကြောင်း လဲဂွကျေးရွာ မှိုရှာဖွေရောင်းချနေသူ ဦးကျော်ရွှေထံကသိရသည်။

ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ သီးနှံဝင်ငွေတိုးပွားစေရေး မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက်သီးနှံမိုးနေကြာ)စီမံကိန်းအား ကျေးရွာ(၃)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဆီထွက်သီးနှံစိုက် ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက်m မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံမိုးနေကြာ)စီမံကိန်းလုပ်ငန်းအား ကျေးရွာ(၃)ရွာ တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံက သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to