ဘူးသီးတောင် ဇူလိုင် ၃၀
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး(သုံးကြိမ်)ထိုးနှံပြီးဖြစ်သော ဦးတည်အုပ်စုတွင် ပါဝင်သူများအား သတ်မှတ်နေ့ရက်များအလိုက် စတုတ္တအကြိမ်မြောက် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်( ၉)နာရီ အချိန်က ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များမှကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာစောမင်းသိန်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့်အနားယူစေသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္တအကြိမ်မြောက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ နိုင်ငံ ဝန်ထမ်းများနှင့် တပ်ရင်း/တပ်ဖွဲ့ဝင်များ အင်အား(၁၀၇၈)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)