ရသေ့တောင် ဇူလိုင် ၃၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင်လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နေ့လယ်၁၂ နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် ရှေ့ဦးစွာ မြို့နယ်ဦးစီးမှူး ဦးမြင့်ခိုင်က စတုတ္ထတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ဗဟုသုတရရှိစေမည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။
ထိုနောက်ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ကြရာ ရုပ်ပုံနှင့်ဆေးရောင်ခြယ်သမှု အကောင်းဆုံးကျောင်းသား၊ ကျောင်းသူ(၃)ဦးအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)