မင်းလှ ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ထိ (၁၈၅၁၃၀၀၀၀၀)ကျပ် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဦးအောင်မြတ်မိုးနှင့်ဝန်ထမ်းများက မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေများကို မေလအတွင်းမှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စုပေါင်း(၄၆)အုပ်စုမှ လူဦးရေ(၁၈၅၁)ဦး၏ လယ်မြေ (၁၂၃၄၂)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ (၁၈၅၁၃၀၀၀၀၀)ကျပ်အား အဆင်ပြေချောမွေ့စွာ ထုတ်ချေးပေးနိုင်ခဲ့သည်။
ဆက်လက်၍ ယနေ့တွင် အုတ်တွင်းအုပ်စုနှင့် ပတ်တန်းအုပ်စုတို့မှ တောင်သူ(၉၈)ဦး၏ လယ်မြေ(၆၆၇) ဧကအတွက် (၁၀၁၅၅၀၀၀၀)ကျပ်အား ဆက်လက်ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးယူမည့် ကျေးရွာအုပ်စုပေါင်း(၅၆)အုပ်စုမှ တောင်သူ(၆၀၈၄)ဦး၏ စပါးစိုက်ဧကပေါင်း (၃၈၀၄၀)ဧကမှ တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ်(၅၇၀၆၀)သိန်းအား စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးရန် လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ပေါက်စ (မင်းလှ)