သာယာဝတီ ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် မိုးရွာသွန်းမှုနည်းပါးသည့်အတွက် ကျွန်းကုန်းအုပ်စု၊ ကျွန်းကုန်းကျေးရွာရှိ တောင်သူ ဒေါ်အေးစန်း၏ GW-11 မိုးစပါးစံပြစိုက်ကွက် ဧက ၃၀ အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံကူညီမှုဖြင့် Mobile Solar Pump ဖြင့် ရေတင်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ကြည့်ရှုအားပေး ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Mobile Solar Pump စက်ဖြင့် ရေတင်ပေးခြင်း အစီအစဉ်သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဟိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာမာအောင်နှင့် ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း (၆၀) ဦးခန့် လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)