ဆီဆိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် စာသင်ကျောင်း အုတ်တံတိုင်းပြိုကျပျက်စီးမှုဖြစ်ပွား

ဆီဆိုင် ဩဂုတ် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် စာသင်ကျောင်း အုတ်တံတိုင်း ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင် စံပြကျေးရွာ၊ ညောင်ပင်သာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၏ ကိုယ်ထူကိုယ်ထ ကာရံထားသော ကျောင်းမျက်နှာစာ အုတ်တံတိုင်း(၇)ပေ၊ (၁၇)ခန်းပြိုကျ ပျက်စီးဆုံးရှုံးခဲ့ကြောင်း နှင့် လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုများမရှိကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)