ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တာချီလိတ် နင်္ဂါးနှစ်ကောင် ဆရာတော်အား သွားရောက်ဖူးမြော်

တာချီလိတ် သြဂုတ်၂

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ယနေ့နံနက် (၉)နာရီက တာချီလိတ်မြို့  နင်္ဂါးနှစ်ကောင် ဆရာတော်အား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ပစ္စည်းများ၊ သင်္ကန်းနှင့် အလှူငွေ ကျပ်သိန်း(၂၀) ပေးအပ်လှူဒါန်းပေးရာ ဆရာတော်မှ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မရှိခဏ ဆရာတော်အား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ဝထ္ထု ပစ္စည်းများ၊ သင်္ကန်းနှင့် နဝကမ အလှူငွေကျပ်သိန်း(၂၀)ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများက ဆက်ကပ်လှူဒါန်းပေးကြပြီး နေ့ဆွမ်းကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ယမန်နေ့ ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် မိုင်းဆတ်-တာချီလိတ်လမ်း ဆောင်ရွက်နေမှုအား ဝင်ရောက်ကြည့်ရူရာ ရှင်းလင်းဆောင်ခန်းမ၌  ရှမ်းပြည်နယ်အရှေ့ပိုင်း လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲလင်းမှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)