ရွှေဘို သြဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနတွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်က မိမိတို့ဒေသအတွင်း ဘေးအန္တရာယ်များ ဖြစ်ပွားကျရောက်လာပါက အထိရောက်ဆုံးနှင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရေးနှင့် အလျင်မြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် တပ်ဖွဲ့ဝင်များအား မြေပြင်ရှာဖွေကယ် ဆယ်ရေးများဖြစ်သည့် မြေပြင်တွင် မီးလောင်ပြင်ရှိ ပိတ်မိလူများအား ရှာဖွေကယ်ဆယ်ရန်၊ ငလျှင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသည့် အဆောက်အဦအတွင်း ပိတ်မိနေသည့်လူများအား ရှာဖွေကယ်ဆယ်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပွားသော မြေပြိုခြင်း၊ ရေးကြီးရေလျှံဖြစ်ခြင်း၊ ယာဉ်တိုက်မှုဖြစ်ခြင်း၊ လှိုင်ခေါင်းတွင်းမြောင်းအတွင်း ကယ်ဆယ်ခြင်းနှင့် အခြားသောဘေးအန္တရာယ်များတွင် အသုံးပြုရန်အတွက် ခရိုင်သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များအား ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်က အနီးကပ်ကြီးကြပ်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်