စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အင်မထီးကျေးရွာ ပြန်လည်ထူထောင်ရေးနေအိမ်များ ဆောက်လုပ်ခြင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မုံရွာ ဩဂုတ် ၂

စစ်ကိုင်းတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုနှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ‌ကော်မတီ၏ ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အင်မထီးကျေးရွာ ပြန်လည်ထူထောင်ရေးနေအိမ်များ ဆောက်လုပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မုံရွာမြို့ကုတင် (၅၀၀)ဆံ့ ပြည်သူဆေးရုံးခန်းမ၌ ကျင်းပပြုလုပ်ရာအင်မထီးကျေးရွာ ပြန်လည် တည်‌ဆောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၁၀)မှ တာဝန်ရှိသူများ၊ တင်ဒါအောင်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အစည်းအဝေးတွင် အင်မထီးကျေးရွာ ပြန်လည်တည်‌ဆောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့(၁၀)နှင့် တင်ဒါအောင်ကုမ္ပဏီများတို့မှ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား အသီးသီးရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက လိုအပ်ချက်များ တာဝန်ရှိသူများ  ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် လုပ်ငန်းကော်မတီဝင်များအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်များအား ကျေပွန်အောင် ကြိုးစားဆောင်ရွက်ပေးကြစေကြောင်းနှင့် လုပ်ငန်းကဏ္ဍအသီးသီးအလိုက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်းသိရသည်။

 စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အင်မထီးကျေးရွာတွင် ၃၀.၁.၂၀၂၂ရက်နေ့ ည(၃)နာရီက အကြန်းဖက်အဖွဲ့မှ ဝင်ရောက်စီးနှင်းတိုက်ခိုက်ပြီး နေအိမ်များမီးလောင်ပျက်စီးဆုံးရှုံးခဲ့မှု့ကြောင့် အဆိုပါ အင်မထီးကျေးရွာ  ပြန်လည်ထူထောင်ရေး နေအိမ်များ တည်ဆောက်နိုင်ရန် ပြည်လည်တည်ဆောက်ရေးကော်မတီက ရေးဆွဲတင်ပြသည့် အိမ်ပုံစံအတိုင်း အိမ်(၁)လုံးလျှင် (သွပ်မိုးမပါ)ငွေကျပ်(၁၀)သန်းနှုန်းဖြင့် အိမ်(၂၂၆)လုံးအတွက် ကုန်ကျငွေ(၂၂၆၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ လုပ်ငန်းများပြီးစီးမှုမှာ ၂၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)