ငပု​တောမြို့နယ်၊ ဟင်းအိုး​ချောင်း​ကျေးရွာအုပ်စု၊ ရေငံ-သရက်ကုန်း​ကျေးရွာ အ​ခြေခံပညာ အထက်တန်း​ကျောင်း( ခွဲ )တွင်  (၁၈)ကြိမ်မြောက်  စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ငပု​တော သြဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟင်းအိုး​ချောင်း​ကျေးရွာအုပ်စု ၊ ​ရေငံ-သရက်ကုန်း​ကျေးရွာ အ​ခြေခံပညာအထက်တန်း​ကျောင်း(ခွဲ) သံလွင်​ဆောင်ခန်းမတွင် ​ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာများ၊  ​ကျောင်းသား၊ ​ကျောင်းသူများ စုပေါင်း၍ (၁၈)ကြိမ်​မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ် ပြီးနောက်  ​ဟင်းအိုး​ချောင်း​ကျေးရွာရှိ သာသနမဉ္ဇူ​ကျောင်းတိုက်မှ  ​ကျောင်းထိုင် ဆရာ​တော်  ဥုးကေသဝ  အရှင်သူမြတ်က ငါးပါးသီလ ချီး​မြှင့်ပေးခဲ့ပြီး၊  ​ ကြွရောက်လာကြသော  သံဃာတော် အရှင်သူမြတ်များက ​မေတ္တာသုတ် အန္တရာယ်ကင်း  ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပါသည်။ ထို့နောက် ​ကျောင်းအုပ်ဆရာမကြီး ​ဒေါ်​ချောစုစုဟန်နှင့် ဆရာ၊ ဆရာမများ၊ ​ကျောင်းသား၊ ​ကျောင်းသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို  စုပေါင်းကပ်လှူကြသည်။

ဆက်လက်၍  သာသနမြဉ္ဇူ ​ကျောင်း​တိုက်မှ ကျောင်းထိုင် ဆရာတော် ဥူးကေသဝ အရှင်သူမြတ်က အနုမောဒနာတရား ချီးမြှင့်​ပေးပြီး လှူဒါန်းမှု အစုစုတို့အတွက် ​ရေစက်သွန်းချ  အမျှပေးဝေခဲ့ပြီး  အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။ ထို့​နောက် သံဃ​တော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး တရားနာ ကြွရောက်လာ​သူများအား နေ့လယ်စာဖြင့် တည်ခင်း ဧည်ခံခဲ့ကြောင်း သိရသည်။      

အောင်သူ ( ငပု​တော)