ညောင်လေးပင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး သင်တန်းဆွေးနွေးပွဲကျင်းပ

ညောင်လေးပင် ဩဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊‌ ညောင်လေးပင် မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ကာ ပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး သင်တန်းဆွေးနွေးပွဲကို ယနေ့နေ့လည် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါနည်းပညာပေးသင်တန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံပိုင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေးနှင့်သက်ဆိုင်သည့်(စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာနှင့် တာဝန်ရှိသူ များက ပညာပေးဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ပြည်သူများက သိရှိလိုသည်များကို ပြန်လည်​ဆွေးနွေးမေးမြန်းရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)