မိုင်းရယ် ဩဂုတ် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်စီး နင်းသူများအနေဖြင့် မည်သည့်အကြောင်းကိစ္စဖြင့်ဖြစ်စေ အပြင်ထွက်သွားလာပါက ဆိုင်ကယ် စီးဦးထုပ်တစ်ပါတည်းဆောင်းလာရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသိပေး နှိုးဆော်ထားသည်။
မော်တော်ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်မပါရှိသူများအား စစ်ဆေးသည့်အဖွဲ့မှ ဆိုင်ကယ်စီးဦးထုပ်များ အသင့်ထားရှိပြီး ငွေလက်ခံရရှိပြေစာများဖြင့် ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မော်တော်ဆိုင်ကယ်စီးနင်းသည့် ပြည်သူများအနေဖြင့် မိမိ၏ အသက် အန္တရာယ်မှ ကာကွယ်နိုင်စေရန်အတွက် ဆိုင်ကယ်စီးဦးထုပ်ကိုဆောင်းခြင်းဖြင့် စည်းကမ်းလိုက်နာ ဘေးကင်းကွာမည်ဖြစ်သည်။
ကျော်ဇင်ထိုက်