နမ့်စန်(တ) ဩဂုတ် ၃
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲများကို ဇူလိုင်လ ၂၇ ရက်မှ စတင်၍ နမ့်စန်အထက ဘောလုံးကွင်းတွင် ကျင်းပလျက်ရှိရာရာ ယနေ့နံနက် ၈ နာရီက ပထမအကြိမ် ရှုံးထွက်(ကွာတားဖိုင်နယ်)ပွဲစဉ်များကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
နံနက် ၈ နာရီတွင် ကွာတားဖိုင်နယ် ပထမပွဲစဉ်အဖြစ် အထက(မြို့မ) ဘောလုံးအသင်းနှင့် အထက(နမ့်စန်)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အထက(မြို့မ)အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ဆက်လက်၍ ယနေ့နေ့လည်ပိုင်းနှင့် ညနေပိုင်းတို့တွင် ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် အထက(ဟိုက်ဖတ်)အသင်းနှင့် အထက(ခိုလမ်)အသင်း၊ အထက-ခွဲ(မြို့ဦး) အသင်းနှင့်အထက-ခွဲ (လေတပ်)အသင်း၊ အထက(နမ့်စန်)(က) အသင်းနှင့် အထက-ခွဲ(၅ရပ်ကွက်) (က)အသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်)ပွဲစဉ်များကို ဩဂုတ်လ ၅ ရက်နေ့၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ဩဂုတ်လ ၇ ရက်နေ့တို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
သူရအောင်(ပြန်/ဆက်)