လဲချားမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (မတ်လန်း)ကျေးရွာတွင် လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲ ကျင်းပ

လဲချား သြဂုတ် ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (မတ်လန်း)ကျောင်းတွင် ဟောပြောပွဲ ကျင်းပခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးထိန်လင်းမှ ကျောင်းသား/သူများအနေဖြင့် အနာဂတ်တွင်ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ လမ်းမှားမရောက်ရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် လူငယ်နှင့်ခေါင်းဆောင်မှုအခန်းကဏ္ဍမှ ပြင်းပြသောဆန္ဒ၊ ရည်မှန်းချက်၊ ဝိရိယနှင့်ဇွဲရှိရေး၊ အသိပညာပြည့်ဝမှု စသည့် အကြောင်းအရာများကို ကျောင်းသား/သူလူငယ်များအတွက် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်အားကစားမှူးမှ အားကစားပစ္စည်းများကို ဆရာမများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ်၊ ပြန်/ဆက်)