ကိုးရီးယားကုမ္ပဏီများမှ အဝယ်လိုက်သည့် နှမ်းလုံးဆီထွက်သီးနှံများ ပင်းတယမြို့နယ်၌ ဧကအများအပြား တိုးချဲ့စိုက်ပျိုး
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အနီးအနားကျေးရွာများတွင် ရာသီပေါ်သီးနှံများ ရိတ်သိမ်းပြီးချိန်၊ ကိုးရီးယားနိုင်ငံ၊ ကုမ္ပဏီများမှ ကွင်းဆင်းဝယ်ယူမှုကြောင့်၊ စျေးကောင်းရရှိနေသော နှမ်းလုံးဆီထွက်သီးနှံများကို ဧကအများအပြားတိုးချဲ့စိုက်ပျိုးနေကြောင်း တွေ့ရှိရသည်။