ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအတွက် ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအတွက် ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

​ချောက် သြဂုတ် ၃

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအတွက် ပြိုင်ပွဲများ ကျင်းပနိုင်ရေး မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာ​ကျောင်းများရှိ ဆရာကြီး၊ ဆရာမကြီးနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယ​နေ့ နံနက် ၁၀ နာရီအချိန်က အထက(၁) မြရိပ်ညိုခန်းမ၌ ကျင်းပ​ပြုလုပ်ခဲ့ကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်ပညာ​ရေးမှူး​ ဒေါ်ခင်​လေးဖြူက​ ချောက်မြို့နယ်အတွင်း အ​ခြေခံပညာ​ကျောင်းများတွင်​ ကျောင်းကျန်းမာ​ရေး ရက်သတ္တပတ် ​လှုပ်ရှား​ဆောင်ရွက်မှု အနေဖြင့် သက်ဆိုင်ရာ​ ကျောင်းများအလိုက် ကျန်းမာစေကြောင်း အလေ့အကျင့်ကောင်းများနှင့် ပတ်သက်၍ ပန်းချီ၊ ပိုစတာ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ကျောင်းဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ အတန်းအလိုက် ခေါင်းစဉ်များ သတ်မှတ်ခြင်း၊ အမှတ်ပေးရေးအတွက် စံသတ်မှတ်ခြင်းများ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပြီး မူလတန်းအဆင့်တွင် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့်တွင် ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာ​ပြိုင်ပွဲ၊ အထက်တန်း အဆင့်တွင် ပန်းချီ၊ ပိုစတာ၊ စာစီစာကုံး၊ ကဗျာ​ပြိုင်ပွဲများ ကျင်းပ​ပြုလုပ်သွားမည်​ဖြစ်​​ကြောင်း​ သိရသည်။

နှစ်စဉ် သြဂုတ်လ ဒုတိယပတ်ကို​ ကျောင်းကျန်းမာ​​ရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ကျောင်းကျန်းမာ​ရေး လုပ်ငန်းစဉ် (၅)ရပ်​ဖြစ်သည့် ကျောင်းကျန်းမာ​ရေးပညာပေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းအခြေပြု ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင်း အဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်း​ဝေး​ရေး၊ ကျောင်းကျန်းမာ​ရေး စောင့်​ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

​ကျော်မိုး(ပြန်/ဆက်)