တိုက်ကြီးမြို့နယ်တွင် အခြေခံစက်ချုပ် သင်တန်းဆင်းပွဲ ကျင်းပ

တိုက်ကြီး ဩဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊  တိုက်ကြီးမြို့နယ်​အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် အခြေခံစက်ချုပ် သင်တန်း(၂/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့၊ နံနက်ပိုင်းကကျွဲ ဘုတ်ကျေးရွာအုပ်စု၊ လဟာမငယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဘသိန်းက အခြေခံစက်ချုပ် သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက သင်တန်းသား၊ သင်တန်းသူများကိုယ်စားသင်တန်းသူ သင်တန်းသူတစ်ဦးအား သင်တန်းဆင်း လက်မှတ်များနှင့် သင်တန်းနည်းပြဆရာမအား နည်းပညာထောက်ပံ့ကြေးတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဇူလိုင်လ(၅)ရက်နေ့မှ ဩဂုတ်လ(၃)ရက်နေ့အထိ တစ်လ ကြာဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ သင်တန်းသူ(၁၇)ဦးတို့ တက်ရောက်ခဲ့ကြသလို သင်တန်းဆင်းပွဲသို့လည်း မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖ များနှင့် သင်တန်းနည်းပြ ဆရာမနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)