မန်တုံ သြဂုတ် ၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲပိုင်းအချိန်က မျောက်ကျောက်ရောဂါ အကြောင်းသိကောင်းစရာ အသိပညာပေး ( Talk Show )ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး(TalkShow) ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဒေါ်လဲ့လဲ့အောင်(အမျိုးသမီးအသင်း) အတွင်းရေးမှူးမှ မျောက်ကျောက်ရောဂါသည် လူအချင်းချင်း ကူးစက်မှုအနေဖြင့် ရောဂါပိုးရှိသူရဲ့ နှာရည်၊ ချွဲသလိပ်များ၊ အရေး ပြား ထိခိုက်ဒဏ်ရာများမှ ကူးစက်နိုင်ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်မှ ကလေးကို မွေးရာပါ မျောက်ကျောက် ရောဂါ ကူးစက်နိုင်ပါကြောင်း၊ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ခြေ ရှိ၊ မရှိ ဆက်လက် သုတေသန ပြုဆောင်ရွက်လျက်ရှိကြောင်း၊ မျောက်ကျောက်ရောဂါ လက္ခဏာများသည် ၁၀၀ဒီဂရီဖာရင်ဟိုက်ထိ အဖျား တက်ခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြွန်ရည်အိတ်ရောင်ရမ်းခြင်းတို့စ တင်ဖြစ်ပေါ်ပြီး တစ်ရက်မှသုံးရက်ကြာမှာ မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါးမှတစ်ဆင့် တစ်ကိုယ်လုံး အနီကွက်များနှင့်အဖုအပိန့်များ ထွက်ပေါ်ခြင်း စတဲ့ရောဂါလက္ခဏာများ ဖြစ်ပွားတတ်ကြောင်း၊ သံသယလူနာအဖြစ် အရေပြားပေါ် အဖုအပိန့်၊ အနီကွက်ထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း(၃၀ဒီဂရီစင်တီဂရိတ်နှင့်အထက်) ကိုယ်လက် ကိုက်ခဲခြင်း၊ ပြွန်ရည်ကျိတ်ရောင်ခြင်း စတဲ့ရောဂါလက္ခဏာ တစ်ခုသို့မဟုတ် တစ်ခုထက် ပိုမိုခံစား ရခြင်းနှင့် အဖြစ်များသော ရုတ်တရက် အရေပြားပေါ် အဖုအပိမ့်အနီကွက်ထွက်ခြင်းဖြစ်စေသည့် အခြားရောဂါ မရှိခြင်း အတည်ပြုပြီးပါက မျောက်ကျောက်ရောဂါဖြစ်ကြောင်း သိရှိထားရန်လိုကြောင်း အစရှိသည်များကို အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
မန်တုံ(ပြန်/ဆက်)