နတ်မောက်မြို့နယ်၌ နေကြာ(မိုး)သီးနှံ သီးသန့်၊ သီးညှပ် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများ ကွင်းဆင်း ကြည့်ရှု စစ်ဆေး
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ် နေကြာ(မိုး)သီးနှံ သီးသန့်၊ သီးညှပ်စိုက်ပျိုးနေမှု အခြေအနေများကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုနှင့် ဝန်ထမ်းများက အင်းကုန်းကျေးရွာသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။