ဘီးလင်းမြို့နယ်တွင် e-ID စနစ်ဖြင့် အိမ်ထောင်စု လူဦး​ရေစာရင်း (Software program) ထည့်သွင်း ဆောင်ရွက်

ဘီးလင်း သြဂုတ် ၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  နိုင်- ၄ ကိုယ်ရေး အချက်အလက်များကို အခြေခံကာ အခြေခံ မဲဆန္ဒရှင် စာရင်းများ ပြုစုရာ၌ တိကျမှန်ကန်သော စာရင်းများ ရရှိနိုင်ရေးအတွက် အိမ်ထောင်စုလူ ဦးရေစာရင်း (၆၆/၆)ပုံစံများအား e-IDစနစ်ဖြင့် (Software program) ထည့်သွင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁၉ ရက်နေ့မှ စတင်ကာ  မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက  ဘီးလင်းမြို့နယ် သာသနာ့ဗိမာန်တော်၌ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်း၌ အိမ်ထောင်စုစာရင်း (၅၅၉၅၉) စု ရှိပြီး e-ID စနစ်ဖြင့် software program ထည့်သွင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ အိမ်ထောင်စု(၈၇၄၅ )စုအား ထည့်သွင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း ကျန်ရှိနေသေးသော အိမ်ထောင်စု (၄၇၂၁၄)စုအား သတ်မှတ်ကာလအတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း မြို့နယ် လူဝင်မှု ကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ထူးနောင် ဘီးလင်း (ပြန်/ဆက်)