ဝေါမြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် အလကခွဲ အေးချမ်းသာယာကျောင်းသို့ စာငှားဝန်ဆောင်မှုဆောင်ရွက်

ဝေါ သြဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများ စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှု နိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်လွဲပိုင်းက အေးချမ်းသာယာရပ်ကွက် အခြေခံပညာ အလယ်တန်းခွဲကျောင်းသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

ထိုသို့ စာငှားဝန်ဆောင်မှု ပြုလုပ်ရခြင်းမှာ စာကြည့်တိုက်သို့ အလုပ်တာဝန်များ မအားလပ်၍ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းရန် ခက်ခဲသူများအတွက် သုတ၊ ရသ စာအုပ်စာစောင်များ ဖတ်ရှုခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုရရှိလာစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများတိုးပွားလာစေရန် သုတ၊ ရသစာအုပ်များ ငှားရမ်းဖတ်ရှုစေခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း