ဘားအံ ဩဂုတ် ၃
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် DAIKO Myanmar Co.,Ltd ၏ Partner Inverstor. Buyer ဖြစ်သူ MITSURU SUZUKI နှင့်အဖွဲ့အား ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်အတွင်း DAIKO Myanmar Co.,Ltd မှ ဝဥခြောက်အမှုန့် ထုတ်လုပ်ရာတွင် အသုံးပြုမည့် Drying Machine ဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးထုတ်ကုန်များအား စနစ်တကျ သန့်စင်ထုတ်လုပ်၍ စားသောက်ကုန်နှင့် ဆေးဝါးထုတ်လုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဒေသခံတိုင်းရင်းသားလူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန် မှာကြားကာ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)