ဒက္ခိဏသီရိမြို့နယ်တွင် တိရိစ္ဆာန်များ၌ ဖြစ်ပွားတက်သည့်ရောဂါများအကြောင်း အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်များ၌ ဖြစ်ပွားတက်သည့်ရောဂါများအကြောင်း အသိပညာပေးကွင်းဆင်းဟောပြောခြင်းကို ဩဂုတ်လ (၃)ရက်နေ့က ရွှေခဲအင်းကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ၁၆၉၁၂ ဧက လျာထားချက်ကျော် စိုက်ပျိုးထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ မိုးသီးနှံ စိုက်ပျိုးရာသီအတွင်း ပဲမျိုးစုံ ၁၆၉၁၂ ဧက လျာထားချက်ကျော် စိုက်ပျိုးထားကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ရန် အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင်း လမ်းဖြတ်တံတားများတည်ဆောက်ခြင်းနှင့် ရေမြောင်းများတွင် ရေစီးရေလာကောင်းမွန်စေရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့တွင်းလမ်းဖြတ်တံတားများ တည်ဆောက်ခြင်းနှင့်ရေမြောင်းများတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ယမန်နေ့ညနေ (၅)နာရီအချိန်တွင် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ် လုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁ဝး၀၀)နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်တွင် GAP စနစ်ဖြင့် စိုက်ပျိုးထားသော မိုးနှမ်းစိုက်ဧကများတွင် ချက်ချင်းရိတ်၊ ချက်ချင်း စီးထောင်စနစ်များဖြင့် ရိတ်သိမ်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  GAP စနစ်ဖြင့် စိုက်ပျိုးထားသော မိုးနှမ်းစိုက်ဧကများတွင် ချက်ချင်းရိတ်၊ ချက်ချင်းစီး၊ ချက်ချင်းထောင်စနစ်ဖြင့် စတင် ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

ပြင်စလူမြို့၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ မွေးကင်းစမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို ယမန်နေ့နံနက်(၁၀) နာရီ အချိန်ခန့်က ကျေးလက်ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့ (Community Centre) ၌ ကြက်​ခြေနီအသင်းခွဲ မြို့နယ်အဆင့်အမှု​ဆောင်များ ၂၀၂၁​ ခုနှစ်၊ ငွေစာရင်းရှင်းတမ်းနှင့်​ ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကျင်းပ

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့၊ မွန်းလွဲ ၁ နာရီက ဗဟန်းမြို့နယ် ကြက်​ခြေနီအသင်းခွဲ မြို့နယ်အဆင့်အမှု​ဆောင်များ ၂၀၂၁​ ခုနှစ်၊ ငွေစာရင်းရှင်းတမ်းနှင့်​ ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း မော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိစက်မှုဇုန်အတွင်းရှိ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၃ နာရီတွင် Myanmar News Power MotorCycle Co.,Ltd မော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to