ပုသိမ်မြို့ပေါ်ရပ်ကွက်များတွင် အိမ်ထောင်စုစာရင်းများ မှန်ကန်မှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

ပုသိမ် သြဂုတ် ၄

လူဦးရေစာရင်းနှင့် အိမ်ထောင်စုစာရင်းများ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ပုသိမ်မြို့ပေါ်ရပ်ကွက် များတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုသိမ်မြို့ပေါ်ရှိ အမှတ် ၂ နယ်မြေခွဲအုန်းတောလမ်းရှိ အိမ်ထောင်စုများ၏ လက်ရှိလူဦးရေနှင့် အိမ်ထောင်စုစာရင်းများ မှန်ကန်မှု ရှိ/မရှိစစ်ဆေးခြင်းများကို ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခရိုင်အုပ်ချုပ်ရေးမှူးဦးလင်းကိုကို၊ ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှူး ဦးဇော်မြင့်၊ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးမြို့နယ်လဝကဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များမှ အိမ်ထောင်စုစာရင်း မှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်း ကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

မြင့်ဟန်