ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ (၂)ထပ်စာသင်ဆောင်သစ် တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား သြဂုတ် ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ (၂)ထပ် စာသင်ဆောင်သစ် တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါကျောင်းဝင်းအတွင်းရှိ အဆောက်အအုံသစ်တည်ဆောက်မည့် နေရာ၌ ကျင်းပပြု လုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပန္နက်တင်မင်္ဂလာအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဍကျော်ထင် ဦးတူးဂျာ၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ပညာရေးမှူးတို့က သတ်မှတ်နေရာအသီးသီး၌ ပန္နက်ရိုက်တင်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြကာ ကျောင်းဆောင်သစ် တည်ဆောက်သွားမည့် နေရာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ကျောင်းအုပ်ကြီးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျောင်းဆောင်သစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေရှိ RC  (၂)ထပ်ဆောင်အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်