သာပေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ "အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက" ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းကျောင်းများတွင် အသိပညာပေးဟောပြော

သာပေါင်း ဩဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခြေခံပညာ အထက်တန်း ကျောင်း (သာပေါင်း)တွင် "အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက" ခေါင်းစဉ်ဖြင့် ယမန်နေ့ နံနက် ၉ နာရီအချိန်က အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော် က ကျောင်းသား၊ ကျောင်းသူကလေးများကို "အမျိုးသားစည်းကမ်းအစ စာသင် ကျောင်းက" ခေါင်းစဉ်ဖြင့် အမှိုက်များ စနစ်တကျ စွန့်ပစ်ကြရန်၊ စည်းကမ်းမဲ့ အမှိုက်မပစ်ကြရန် ပြောကြားပြီး "မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစား မည်" -ကတိ(၄)ချက်အတိုင်း အကောင်ထည်ဖော် လိုက်နာဆောင်ရွက်နိုင်ရေး ဟောပြောခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှ တတ်ရောက်လာကြ သော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြ ကြောင်း သိရသည်။

မျိုးဇော်သိန်း