ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့စနစ်တကျ ငှားရမ်းပေး

ကြာအင်းဆိပ်ကြီး ဩဂုတ် ၄

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေး၊ ကျန်းမာရေး စီးပွားရေး၊ လူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ် စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာ‌စောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့စနစ်တကျ ငှားရမ်းပေးလျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်း အချိန်က အမှတ် (၅ရပ်ကွက်ရှိ ဇမိရတနာမြို့မဈေးအတွင်းသို့ သွားရောက်ပြီး စာဖတ်စာငှား စာပေဝါသနာရှင် ဈေးသူဈေးသားများအား ယခင်က ငှားရမ်းဖတ်ရှုထားသည့် စာအုပ်စာစောင်များအား ပြန်လည်အပ်နှံ‌စေပြီး ၎င်းတို့ဖတ်ရှုငှားရမ်းလိုသည့် သုတ၊ ရသစာအုပ် စာစောင်များအား () ရက် ရက်သတ္တပတ်အကြာ ပြန်လည်၍ စနစ်တကျငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စာဖတ် စာငှား စာ‌ပေဝါသနာရှင် မိဘပြည်သူများအနေဖြင့် လေ့လာဖတ်ရှုငှားရမ်းလိုပါက အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ညမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်အထိ လာရောက်လေ့လာနိုင်ပြီး မိမိတို့ဖတ်ရှုငှားရမ်းလို သည့် သုတ၊ ရသ စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)