မိုင်းဆတ်မြို့၌ အခြေခံကွန်ပျူတာ စာစီစာရိုက်သင်တန်း ဖွင့်လှစ်သင်ကြား

မိုင်းဆတ် ဩဂုတ် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အခြေခံကွန်ပျူတာစာစီ စာရိုက်သင်တန်း ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က မိမိတို့ဌာနဝန်ထမ်းများအနေဖြင့် ကွန်ပျူတာဖြင့် ရုံးစာရိုက်ရာတွင် နည်းစနစ်တိကျ မှန်ကန်မှုရှိစေရေး၊ ဝန်ထမ်းတိုင်း ကွန်ပျူတာတတ်မြောက်စေရေးအတွက် ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေး က မိုင်းဆတ်ခရိုင်/မြို့နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းခုတ်မြို့၊ ပုံပါကျင်မြို့နှင့် မုံးထမြို့ရုံးတို့မှ ဝန်ထမ်းများအား  စာစီစာရိုက်နည်းစနစ်များ၊ ဓာတ်ပုံထည့်သွင်းခြင်း၊ E-Mail ပေးပို့ခြင်းများကို ဩဂုတ်လ(၄)ရက်နေ့မှ (၆)ရက်နေ့အထိ (၃)ရက်ကြာသင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)