ကချင်ပြည်နယ်ဝန်ကြီးချုပ်ဇနီး ဦးဆောင်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များက မြစ်ကြီးနားမြို့ပေါ် ဘုန်းတော်ကြီးသင်စာသင်ကျောင်းနှင့် IDPs စခန်းသို့ အာဟာရနှင့်ထောက်ပံ့ပစ္စည်းများ သွားရောက်ထောက်ပံ့

မြစ်ကြီးနား သြဂုတ် ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် နေရပ်စွန့်ခွာ ယာယီစခန်းနေပြည်သူများအား အာဟာရနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့သို့ ထောက်ပံ့ရာတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ဝင်များက နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းနှင့် နာယက အဖွဲ့ဝင်များ၊ ဥက္ကဋ္ဌ ဒေါ်လွင်လွင်မော်နှင့် အဖွဲ့ဝင်များက မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရဖြစ် ကြက်ဥအလုံး ၃၀ ပါ ၂၅ ကဒ်၊ အိုင်အိုဒင်းဆား ၁ အိတ်၊ ဗလာစာအုပ် ၁၂ ဒါဇင်၊ နှာခေါင်းစည်း Mask၊ လက်သန့် ဆေးရည်နှင့် ဆပ်ပြာရည်များကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ စီတာပူ (သီတာအေး) ရပ်ကွက်အတွင်းရှိ နေရပ်စွန့်ခွာယာယီ တိမ်းရှောင် စခန်း၌ နေရပ်စွန့်ခွာ အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြပြီး အိမ်ထောင်စု(၂၆)စုတို့အတွက် မိခင်နှင့် ကလေးစောင့်ရှောင်မှုကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့သည့် အမျိုးသမီးအသုံးဆောင်ပစ္စည်းအိတ် ၂၆ အိတ်၊ ကြက်ဥအလုံး ၃၀ ပါ ၂၆ ကဒ်၊ အိုင်အိုဒင်းဆား (၁)အိတ်၊ နှာခေါင်းစည်း Mask များ၊ လက်သန့်ဆေး၊ ဆပ်ပြာရည်ဘူးများနှင့် ငွေကျပ် ၂၆၀၀၀၀ တို့ကို နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)