တနင်္သာရီမြို့နယ် Community Centre အတွင်းကျောင်းသူ/သားများ ဉာဏ်ရည်ဖွံ့ဖြိုးရေးပြိုင်ပွဲများပြုလုပ်

တနင်္သာရီ ဩဂုတ်  ၄

တနင်္သာရီတိုင်ဒေသကြီးတနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ/သားများအား ဝါတွင်းကာလအဖိတ်/ဥပုဒ်ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုး ရှိရှိနှင့် စိတ်ကူးစိတ်သန်း ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများကို လေ့ကျင့်ပြုလုပ်ပေးလလျက်ရှိရာယနေ့နံနက်၁၀နာရီအချိန် မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမအတွင်း ပျော်ရွှင်ဖွယ်ကစားပွဲများဖြင့် လေ့ကျင့်ပြုလုပ်ပေးကြသည်။

မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမသို့ ကျောင်းပိတ်ရက်အတွင်းလာရောက်လေ့ရှိကြသည့် အထက-တနင်္သာရီကျောင်းမှ မူလတန်းအဆင့်ကျောင်းသား/သူ(၀)ဦး အားအဖွဲ့လိုက်အနေဖြင့် အိမ်ဆက်ပြိုင်ပွဲ၊ ဒိုးဇက်ဆက်ပြိုင်ပွဲ၊ ကျားထိုးပြိုင်ပွဲနှင့်တစ်ဦးချင်းမျှား ပြစ်ပြို်ငပွဲများကို လေ့ကျင့်ယှဉ်ပြိုင်စေခဲ့ရာ ကျောင်းသူ/သားများက ပျော်ရွှင်စွာယှဉ်ပြိုင်ကစားကြပြီး ဦးစီးအရာရှိ ဦးထိန်ဝင်းနှင့်ဒုဦးစီးမှူးဒေါ်သီသီခိုင်တို့က ဆုနှင့်အမှတ်တရ လက်ဆောင်ပေးအပ်ပြီး နို့ဗူးနှင့်မှုန့်အာဟာရများ ကျွေးမွေးပေးခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(ပြန်/ဆက်)