သာကေတ သြဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ဆရာ၊ ဆရာမများ ၊ကျောင်းသား၊ ကျောင်းသူများမှ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန် ယမန်နေ့ နေ့လယ်(၁၂:၄၅)နာရီမှ (၁၄:၀၀)နာရီအထိ သာကေတမြို့နယ် အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်း၊ နဝရတ်ခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်လျက်ရှိရာ သာကေတမြို့နယ်၊ အမှတ်(၃၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုတိယရဲမှူး အောင်ဇော်ထွန်း ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးခန့်အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများဖြစ်သည့် အခြေခံယာဉ်/လမ်းစည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၂၂ မော်တော်ယာဉ် နည်းဥပဒေပါအကြောင်း အရာများဖြစ်သည့် ခြေလျင်လျှောက်သူများ စည်းကမ်းဟူသည့် အကြောင်းအရာများဖြင့် လည်းကောင်း ဟောပြောခဲ့ပြီး ယာဉ်တိုက်မှုဖြစ်စဉ် များကိုဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုမှတ်တမ်းဓာတ်ပုံများ ပြသကာလက်တွေ့ရှင်းလင်း ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းကာတာ၀န်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများအား ထီး၊ ကွန်ပါဘူး၊ စာအုပ်၊ ဘောလ်ပင်များ အားပေးဝေခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)