လားရှိုးမြို့တွင်ဖွင့်လှစ်လျက်ရှိသည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအခြေခံသင်တန်းတွင် လူမှောင်ခိုကူးခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးတက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်းတွင် ယနေ့မွန်းလွဲ ၂ နာရီ အချိန်က လူမှောင်ခိုကူးခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီက မြောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (Software program) ထည့်သွင်းခြင်း လုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ (၆၆/၆)ပုံစံများအား e-ID စနစ်ဖြင့်(Software program) ထည့်သွင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက  ဝါးခယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ  တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ဒေသခံတောင်သူများအား ဆက်လက်ထုတ် ချေးပေးလျက်ရှိကြောင်း သိရသည်။                 

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် စာအုပ်စာစောင်များ ငှားရမ်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ ရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ကျုံသင်ကျေးရွာ၌ ကျေးလက်ဒေသရေရရှိရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသရှိ ပြည်သူများ နွေရာသီကာလ သောက်ရေ၊ သုံးရေများ စဉ်ဆက် မပြတ်ရရှိစေရေး အတွက် မိုးရေသိုလှောင်ကန်များ တည်ဆောက်ပေးခြင်း၊ စက်ရေတွင်း များ တူးဖော်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဒေးဒရဲမြို့နယ်၊ ကျုံသင်ကျေးရွာတွင် ကျေးလက်ဒေသ ရေရရှိရေး စက်ရေတွင်း တူးဖော်နေမှုအား မြို့နယ်ဦးစီးမှူး ဦးကျော်စွာမြင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး ဥပဒေများ၊  အပင်ပိုးမွှားကာကွယ်သည့် ဥပဒေနှင့်ပိုးသတ်ဆေး စနစ်တကျကိုင်တွယ်သုံးစွဲနည်း အသိပညာပေး   

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြေဩဇာဥပဒေ၊ မျိုးစေ့ဥပဒေ၊ ပိုးသတ်ဆေးဥပဒေ၊ အပင်ပိုးမွှား ကာကွယ်သည့်ဥပဒေနှင့် ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်သုံးစွဲနည်း အသိပညာပေးသင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ဒေးဒရဲမြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ် ပတ်ဝန်ကျင် စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့အဝင်လမ်းမ တစ်လျှောက်ရှိ လမ်းဘေးဝဲယာ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုများနှင့် ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်းများကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ် ကျေးရွာနှစ်ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ (မွမ်းမံ)ဖြင့် ညောင်ပင်သာကျေးရွာနှင့် ဘိုကုန်း ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နံနက် (၁၁)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်သာမြို့တွင် နဂါးမောက်ပင်များအား ဓလေ့တစ်ခုသဖွယ်စိုက်ပျိုး

တောင်သာမြို့ရှိ ရပ်ကွက်အချို့၌ လူနေအိမ်တချို့ရှိ မြေကွက်လပ်များတွင် နဂါးမောက်ပင်များအား ဓလေ့တစ်ခုသဖွယ် စိုက်ပျိုးလျက်ရှိပြီး မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရှိကြောင်းသိရသည်။
Subscribe to