ထားဝယ်တက္ကသိုလ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ဌာနမှူးများနှင့် ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ထားဝယ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲကြောင်း သိရသည်။

ပင်းတယမြို့၌ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်တိုသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ တိရစ္ဆာန်များစားသုံးရန် တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်တိုသင်တန်းအား ယမန်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။

ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြော

ကျောင်သား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကြောင်းအရာများကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြကြောင်း သိရသည်။

သံဖြူဇရပ် လူထုအခြေပြုဗဟိုဌာန၌​ သု​တေသီ (ဘုန်းမြင့်​သွေး) ရေးသားသည့် “ဘဝတန်ဖိုးအမှန်တိုးအောင် “စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ မော်လ​မြိုင်ခရိုင်၊ သံဖြူဇရပ်​မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီက သုတေသီ (ဘုန်းမြင့်​ သွေး) ရေးသားသည့်” ဘဝတန်ဖိုး အမှန်တိုးအောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က (ဃ)ရပ်ကွက်‌ ဒေသန္တရကျန်းမာရေးဌာနတွင် ထိုးနှံ​​ပေးလျက်ရှိ​ပြီး ကျန်ရပ်ကွက်များတွင်လည်း သတ်မှတ်ဆေးထိုးစုရပ် နေရာများအလိုက် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster) ဆက်လက်ထိုးနှံပေး

အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၃၈)ရပ်ကွက် မင်္ဂလာအေးကျောင်းတိုက်၊ (၄၇)ရပ်ကွက်ဓမ္မာရုံ၊ (၅၀)ရပ်ကွက် ဒေသန္တရကျန်းမာရေးဌာန၊ ဆေးထိုးစုရပ်တို့တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီ လွှမ်းခြုံနိုင်ရန် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသည့် ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။

သဲကုန်းမြို့နယ် အခြေခံပညာကျောင်းသို့ အသိပညာပေးကွင်းဆင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့က အ.မ.က ထန်းရင်း အမှတ်(၃) ရပ်ကွက်ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးမြို့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရန်ကင်းမြို့နယ် Community Centre ခန်းမတွင် လူငယ်နှင့် ပတ်ဝန်းကျင်အကြောင်း အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နဲ့ပတ်ဝန်း ကျင်အကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက် ၉:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ တစ်ပိုင်တစ်နိုင်ကျွဲကောပင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး စီးပွားဖြစ်စိုက်ပျိုးကြသူများလာ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ သဘာဝရာသီဥတုနှင့် ရေခံမြေခံကောင်းမွန်မှုကြောင့် ကျွဲကောပင် စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းပြီး  ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများတွင် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ  အပိုဝင်ငွေများရရှိကာစီးပွားဖြစ် စိုက်ပျိုးလာကြသူများလာကြောင်း သိရသည်။
Subscribe to