မြောင် ဩဂုတ် ၄
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီက မြောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ထွန်းက အဖွင့်အမှာစကား ပြောကြား ရာတွင် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ကျောင်းစာများသင်ယူခြင်း အပြင် သိကောင်းစရာ အသိပညာပေး စာအုပ်စာစောင်များကိုလည်းပြင်ပညာ တိုးပွားစေရေးအတွက် များများဖတ်ကြရန် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားများကို အလေးထား ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်း က ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း သိကောင်း စရာများ ပြောကြားခဲ့သည်။ ထို့နောက် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်လင်းက စားသုံးရန်သင့်/မသင့် အစားအစာကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒါ်ခင်မီမီကျော်က စာကြည့်တိုက်အကြောင်း သိကာင်းစရာများ ပြောကြားရာတွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုတ တိုးပွားစေရေး စာအုပ်များ၊ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်စေသည့် စာအုပ်များ အခြားသုတရသ စာအုပ်စာစောင်များ ထားရှိကြောင်း၊ ဒါကြောင့် ကျောင်းသူ၊ ကျောင်းသားလူငယ်များ အနေဖြင့် မြို့နယ်ပြည်သူ့စာကြည့်တိုက် သို့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသူ၊ ကျောင်းသား လူငယ်(၁၃၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)