ဒေးဒရဲ သြဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ် ပတ်ဝန်ကျင် စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့အဝင်လမ်းမတစ်လျှောက်ရှိ လမ်းဘေးဝဲယာ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုများနှင့် ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်း၊ အင်ဂျင်နီယာမှူး ဒေါ်သီတာစိုးတို့က ပန်းအလှပင်များစနစ်တကျ စိုက်ပျိုးထားရှိမှု၊ မြက်ပင်ပေါင်းပင် များနှင့် အမှိုက်များကင်းရှင်းရေး ဆောင်ရွက်ထားမှုနှင့် မိုးရာသီကာလ ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းနေမှုများတွင် လိုအပ်ချက်များ မဖြစ်ပေါ်စေရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း