တောင်သာ သြဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒေသခံတောင်သူများအား ဆက်လက်ထုတ် ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် နှမ်း၊မြေပဲ စိုက်ပျိုးဧက တစ်ဧကကို ငွေကျပ် (၁၀၀၀၀၀/-)နှုန်းဖြင့် မင်းရင်ကျေးရွာ နှင့်ညောင်တိုကျေးရွာရှိတောင်သူ (၂၆) ဦး စိုက်ပျိုးဧက (၁၈၉) ဧက စုစုပေါင်းငွေကျပ်(၁၈၉)သိန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှထုတ်ချေးပေးကြောင်း သိရသည်။ကျန်ရှိသည့် တောင်သူများအားလည်း စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်သာ မြို့နယ်မန်နေဂျာ ဦးသက်ခိုင်ဇော်ထံမှ သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)