စမ်းချောင်းမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ​ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်စာရင်းစစ်ရုံးသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ပေးခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့ အမှတ် ၄ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး‌ နေ့စဉ်ထိုးနှံပေး

ရန်ကုန်တိုင်း​​ဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ First dose ၊ Second Dose နှင့် Booster ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ အမှတ်(၇)ရပ်ကွက်ရှိ ဒေသန္တရကျန်းမာရေးဌာနနှင့် စက်ရုံများတွင် အလှည့်ကျနေ့စဉ်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရန်ကုန် မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ် ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်ကစ၍ အမှတ်(၁၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အခြေခံကွန်ပျူတာပညာကို တတ်ကျွမ်းနားလည်‌စေရန် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း၊ အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီးမြို့၊ ကွန်ပျူတာခန်းမတွင် ယနေ့ညနေ ၄ နာရီက ကျင်းပပြုလုပ်သည်။

ထားဝယ်မြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ငွေစာရင်း ရေးသွင်းနည်းသင်တန်းပို့ချခြင်း (AVIP) နှင့် ရန်ပုံငွေလွှဲအပ်ခြင်း အခမ်းအနားကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာ (၅) ရွာမှ ကော်မတီဝင်များအား ငွေစာရင်းရေးသွင်းနည်းသင်တန်း (AVIP) နှင့် စီမံကိန်း ရန်ပုံငွေလွှဲအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် ဖွင့်လှစ်လျက်ရှိသည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအခြေခံသင်တန်းတွင် စားသုံးသူရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးတက္ကသိုလ်၊ မူဆယ်ဆောင်တွင်ဖွင့်လှစ်လျက်ရှိသည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအခြေခံသင်တန်းတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စားသုံးသူရေးရာဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက် စေရည်ရန်နှင့် စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် လာရောက်စေရန် ရည်ရွယ်၍ ယနေ့ညနေ ၃ နာရီက ပြိုင်ပွဲများကျင်းပသည်။
Subscribe to