ဝါးခယ်မ ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ (၆၆/၆)ပုံစံများအား e-ID စနစ်ဖြင့်(Software program) ထည့်သွင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ဝါးခယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်အတွင်း၌ အိမ်ထောင်စု ၈၁၅၃၆ စုရှိပြီး e-ID စနစ်ဖြင့် software program ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ ဩဂုတ်လ ၄ ရက်နေ့အထိ အိမ်ထောင်စု ၅၅၆၁ စုအား ထည့်သွင်းဆောင်ရွက်ပြီး ကျန်ရှိသော အိမ်ထောင်စုများအား သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ e-ID စနစ်ဖြင့် software program ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များမှကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဟိန်းထက်လင်း (ဝါးခယ်မ ပြန်/ဆက်)